စာရေးသူ

အားလုံးမြင်နိုင်ရန်
Marvin Williams

မာဗင်ဝီလီယံ

မာဗင်ဝီလီယံသည် Our Daily Bread အတွက် ၂၀၀၇ ခုနှစ်မှစ၍ စာမူများ ရေးသားပေးသည်။ ဆရာသည် Our Daily Bread Ministries ၏ အခြားသော ဝတ်ပြုကိုးကွယ်ခြင်းစာမူဖြစ်သည့် Our Daily Journey အတွက်လည်း စာမူများရေးသားသည်။ အမေရိကန်နိုင်ငံ၊ မီရှီဂန်ပြည်နယ်၊ လန်စင်းဒေသရှိ တြိနတိ အသင်းတော်၌ စာချသင်းအုပ် ဖြစ်သည်။ တက်စက်(စ)ပြည်နယ်၊ ဒါလာ့စ်မြို့ရှိ သာသနာပိုင် ကောလိပ် (Bishop College) နှင့် အယ်လနွိုက်ပြည်နယ်၊ ဒီးယားဖီးမြို့ရှိ တြိနတိ ဧဝံဂေလိဆိုင်ရာ ဘာသာရေးပညာကျောင်း (Trinity Evangelical Divinity School) များ၌ ပညာသင်ကြား တတ်မြောက်ခဲ့သည်။ မီရှီဂန်ပြည်နယ်၊ ဂရန်းရက်ပစ်မြို့ရှိ နေရာအတော်များများတွင်လည်း သင်းအုပ်ဆရာနေရာ၌ ဆက်ကပ်လုပ်ဆောင်ခဲ့သည်။ ဆရာနှင့် ဇနီး တူနီးယားတို့၌ သားသမီး ၃ ဦး ရှိသည်။

စာမူ/ အကြောင်းအရာ များ မာဗင်ဝီလီယံ

ရင်ဆိုင်ဖြေရှင်း ပြောရမည့်စကား

နည်းပညာများ တိုးတက်မြင့်မားလာခြင်းကြောင့် လူမှုဆက်ဆံရေး၌ တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် ထိပ်တိုက်တွေ့စရာ မလိုဘဲ အဆင်ပြေချောမွေ့စွာဆက်ဆံနိုင်ပါမည်လား။ အလုပ်ရှင်က အီးမေးလ်မှတစ်ဆင့် အလုပ်တာဝန် ရပ်စဲကြောင်း စာပို့နိုင်သည်။ အင်တာနက် ဆက်သွယ်ရေးဝက်ဘ်ဆိုက်များမှတစ်ဆင့် အခြားသူကို ဝေဖန်နိုင်သည်။ ၄င်းကို အသာထား ရှင်ပေါလုနှင့် ရှင်ပေတရုတို့ သဘောထားချင်း မတိုက်ဆိုင်သောအခါ မည်သို့ ဖြေရှင်းကြသည်ကို အတုယူသင့်လှသည်။

ကျေးဇူးတော်ကို အလွဲသုံးစားပြုလုပ်သော ရှင်ပေတရုကို ရှင်ပေါလု ထိပ်တိုက်ရင်ဆိုင်ရ တော့မည် (ဂလာ ၂း၁၁-၁၆)။ ရှင်ပေတရုသည် တစ်ပါးအမျိုးသားများနှင့် မိတ်သဟာယဖွဲ့ ပေါင်းဖော်သည်။ သခင်ခရစ်တော်ကိုယုံကြည်ခြင်းအပြင် မောရှေ၏ပညတ်တော်များ စောင့်ထိန်း ပါမှ အပြစ်သားများသည် ကယ်တင်ခြင်းသို့ရောက်နိုင်သည်ဟု ယုံကြည်သည့် ယုဒအမျိုးသားတို့ ရောက်ရှိလာသောအခါ သူက တစ်ပါးအမျိုးသားတို့နှင့် မပေါင်းတော့ဘဲ တစ်သီးတစ်ခြားနေသည်။ ထို့ပြင် ရောက်လာသူများနှင့်တစ်ဖွဲ့တည်းပါဟု ဟန်ဆောင်လိမ်ညာသည်။ ဤသို့ သူတော်ကောင်း ယောင်ဆောင်မှုကို ရှင်ပေါလုက မေတ္တာဖြင့် ရင်ဆိုင်ဖြေရှင်းခဲ့သည်။…

အမည်သစ်ဖြင့် ခေါ်ယူခံရသည်

မာ့ခ် လဘတ်တန် ရေးသားသည့် “Leading by Naming” ဆောင်းပါး၌ အမည်ပညတ် သတ်မှတ်ခြင်းအကြောင်းကို ရေးသားထားသည်။ “တစ်နေ့မှာ ဂီတသမားမိတ်ဆွေတစ်ဦးက ကျွန်တော့်ကို ဂီတသမားလို့ ခေါ်လိုက်တယ်။ အဲဒီတုန်းက ခံစားရတဲ့ခံစားချက်ကို အခုထိ မှတ်မိ သေးတယ်။ ဘယ်သူကမှ ကျွန်တော့်ကို အဲဒီလိုမခေါ်ဘူး။ ဘာတူရိယာကိုမှလည်း မတီးခတ်တတ် ဘူး။ သီချင်းလည်း မဆိုတတ်ပါဘူး။... ဒါပေမယ့် ရုတ်တရက် ကိုယ့်အထဲက စစ်မှန်တဲ့ဖြစ်တည်မှု ကို သူသတိပြုခံစားပေးတယ်ဆိုပြီး ကြည်နူးသွားတယ်” ဟု သူကပြောပါသည်။

ယေရှု သူ့နာမည်ကိုပြောင်းလိုက်စဉ်က ရှိမုန်လည်း ထိုသို့ပင် ခံစားမိလိမ့်မည်။ ယေရှုသည်  ကြွလာတော်မူသော မေရှိယဖြစ်ကြောင်း အနြေ္ဒ အသေအချာသိလိုက်ရသည်တွင် သူ့အစ်ကို ရှိမုန် ကို ချက်ချင်းရှာပြီး သခင့်ထံ ခေါ်ဆောင်ခဲ့သည် (ယော ၁း၄၁-၄၂)။ သခင်ယေရှုသည် ရှိမုန်၏စိတ် ၀ိညာဉ်ကို ထိုးဖောက်ရှုမြင်ပြီး သိမ်မွေ့နက်နဲစွာ…

စစ်မှန်သောသက်သေ

အီလီနွိုင်စ်ပြည်နယ် နာပါဗီးလ်ဒေသရှိ အသင်းတော်တစ်ခုတွင် ခေါင်းလောင်းစင်၌ အသစ် စက်စက် တပ်ဆင်မည့် ခေါင်းလောင်းများအတွက် စိတ်လှုပ်ရှား ပျော်ရွှင်နေကြ၏။ လွန်ခဲ့သော နှစ်များစွာ က ဘုရားကျောင်းတည်ဆောက်ခဲ့စဉ် ခေါင်းလောင်းဝယ်ယူရန် ငွေကြေးမရှိခဲ့ပေ။ သို့သော် အသင်းတော် ၂၅ နှစ်ပြည့် နှစ်ပတ်လည်တွင် အသင်းသားများက ဗလာဖြစ်နေသော နေရာလွတ်တွင် ခေါင်းလောင်း သုံးလုံးအတွက် ရန်ပုံငွေရှာဖွေခဲ့သည်။ ခေါင်းလောင်းများမှာ ရင်သပ်ရှုမောစရာကောင်းလှသော်လည်း ပြဿနာတစ်ခုမှာ ခေါင်းလောင်းသံကို ဘုရားကျောင်းလာ ပရိသတ်များ မကြားရပါ။ ခေါင်းလောင်းများမှာ သဘာဝကျ၍ အစစ်ပုံစံပေါက်နေသော်လည်း အတုများဖြစ်ပါသည်။

တမန်တော်ရှင်ယောဟန်သည် သူ၏ပထမဆုံး သြ၀ါဒစာ ရေးသားရာတွင် ယုံကြည်သူများအား အပြင်ပန်းအားဖြင့် ခရစ်ယာန်အစစ်ဖြစ်ပုံ ပေါ်နေသူများမဖြစ်ဘဲ ၄င်းတို့၏အသက်ရှင်နေထိုင်ပုံအားဖြင့် တကယ့်ခရစ်ယာန်အစစ်အမှန်များအဖြစ် သက်သေပြရန် တိုက်တွန်းနှိုးဆော်ထားသည်။ ယုံကြည်ခြင်း စစ်မှန်ကြောင်း သက်သေအထောက်အထားက ဘုရားသခင်နှင့် ထူးခြားဆန်းကြယ်နက်နဲသော အတွေ့ အကြုံများရှိမှဟု မဆိုနိုင်ပါ။ ဘုရားသခင်ကို အမှန်တကယ်သိပြီး ချစ်ကြောင်းသက်သေကို…

အသီးအပွင့်တို့ခံစားရခြင်း

မိမိမျှော်လင့်သည့်အတိုင်း ၀ိညာဉ်ရေးရာကြီးထွားမှုမရှိသောသူများကို ဝေဖန်ခြင်းက လွယ်ကူပါသည်။ အမှားပြင်ရန် လိုအပ်ချက်များကို အလွယ်တကူပင် ထောက်ပြနိုင်သော်လည်း မှန်ကန်သောအရာကိုလည်း ကျွန်ုပ်တို့သိမှတ်ရန် လိုအပ်ပါသည်။ သူ၏စာစောင်များတွင် ရှင်ပေါလု က အသင်းတော်များ၏ အမှားကိုပြင်ပေးသကဲ့သို့ ကောင်းသည့်အချက်များကိုလည်း ထောက်ပြ၍ ချီးမွမ်းပါသည်။

ဥပမာအားဖြင့် ကောလောသဲမြို့သားများထံ ရေသားလိုက်သောစာတွင် ရှင်ပေါလုက ဧ၀ံဂေလိတရားသည် အမြစ်တည်၍ ယုံကြည်သူများ၏ အသက်တာတွင် အသီးအပွင့်များတွေ့ရ                    ကြောင်း ဖော်ပြထားပါသည် (၁း၆)။ သူတို့၏ ၀ိညာဉ်ရေးရာ တိုးတက်ရေးအတွက် ဘုရားသခင်ကို ချီးမွမ်းပြီး သူတို့နှင့်အတူ ၀မ်းမြောက်သည်။ သခင်ယေရှုကို သူတို့သိရှိပြီး ယခုတွင် မိစ္ဆာဆရာများ နှင့် ရင်ဆိုင်ရုန်းကန်လျက် နေရသည် (၂း၆-၈)။ ၄င်းတို့သည် သန့်ရှင်းသူအပေါင်းတို့ကို လှိုက်လှဲ နက်ရှိုင်းစွာ ချစ်ခင်သောမေတ္တာစိတ်ရှိပြီး လက်တွေ့အနစ်နာခံပြီး ပူပန်စိတ်ကို ဖော်ကျူးခြင်း အတွက် ရှင်ပေါလုက ဘုရားသခင်ကို ကျေးဇူးတင်သည် (၁း၎)။ ဤလောကသည်…